ကျွန်တော်တို့ဟာ လက်ရှိလူ့ဘ၀ဆိုတာကြီးကို ပိုင်ဆိုင်ထားကြပါတယ်..လူ့ဘ၀ ဘာကြောင့်ရတယ်ဆိုတာကို ဆရာတော်ကြီးများအသီးသီးဟောကြားတော်မူအပ်သည့် ၀ိပသနာတရားများ နှင့် ပဠိစ္စသမုပ္ပသံသရာ စက်ဝန်းအကြောင်း လေ့လာနားထောင်ကြစေလိုပါတယ်.... ကျွန်တော်ကတော့ လက်ရှိရထားတဲ့ လူ့ဘ၀ ကိုဆန်းစစ်သုံးသပ်ပါမယ်....... အမိဝမ်းထဲကစ သန္ဓေတည်လာပြီး မွေးဖွားလာကြပြီးတဲ့နောက် လူဘ၀ရဲ့ လုပ်ရိုး လုပ်စဉ်အတိုင်း မိဘရိပ်မှာနားခိုရင်း အတတ်ပညာတွေ၊ အသိပညာတွေ သင်ကြ၊ ပေါင်းသင်းမိတ်ဆွေများနှင့် သွားကြ လာကြ၊ ခေါ်ကြ ပြောကြ၊ စားကြ သောက်ကြ၊ ရီကြ မောကြ၊ ဆွေးကြ လွမ်းကြ၊ ၀မ်းနည်းကြ ပူဆွေးကြ၊၀မ်းသာစရာရှိက၀မ်းသာလိုက်ကြ.....
Read More..ဒီလိုနဲ့ လူဘ၀ ကြီးကိုတနေကုန်၍ တနေထွက်ဖြင့် ဖြတ်သန်းလာကြရပါတယ်..ဒီလိုဖြတ်သန်းလာကြရာမှာ အချိန်ဆိုတာကြီးက လူဘ၀ကို စောင့်နေတာမဟုတ်ပါဘူး..သူ့သဘာဝအတိုင်းကုန်ဆုံးနေတာပါ.... အချိန်ဆိုတာကြီးက သူ့သဘာဝ အတိုင်းလုပ်နေသလို လူ့ဘ၀ ဆိုတာကလည်းတဖြည်းဖြည်းကုန်ဆုံးနေတယ်ဆိုတာ သတိလက်လွတ်မေ့နေကြတယ်မဟုတ်လားဗျာ.. ရက်တွေမှ.. လတွေ...လတွေမှ..နှစ်တွေ..ကုန်းခန်းလာတယ်နော်..ဒီလိုကုန်ခန်းလာတဲ့ အချိန်နှင့်အတူ ပစ္စုပ္ပန်ဟာ အတိတ်ဖြစ်သွား..အနာဂတ်ဟာပစ္စုပ္ပန်ဖြစ်လာလိုက်နဲ့ပေါ့ဗျာ.. မနက်မိုးလင်းလာ.. မျက်နှာသစ်.. စားလိုက်ကြ လုပ်လုပ်လိုက်ကြလုပ်ငန်းခွင်မှာ ဒေါသထွက်လိုက်ကြ ဆဲကြ ဆူကြ အလိုမကြလိုက်ကြ အဆင်ပြေစရာရှိလည်းပြေလိုက်ကြနဲ့ တနေကုန်ပြန်သွားပါလေရော..ဒီလိုတနေကုန်အတွင်း ကိုယ်နှုတ် နှလုံး သုံးပါးစလုံး နဲ့ လုပ်လိုက်ကြတဲ့ အရာတွေဟာ ကောင်းတာပါသလို မကောင်းတာတွေလည်း ပါနေပါတယ်နော်.....
